=============
ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်၏ ကိုယ်ထည်ပိုင်းကို ဆယ်ယူနိုင်ခြေနှင့် ပတ်သက်၍ အင်ဒိုနီးရှား ရေငုပ်သမားများက ဆန်းစစ်လေ့လာနေဆဲဟု သိရှိရသည်။
ခရီးစဉ်အမှတ် QZ8501 လေယာဉ်၏ အဓိက ကိုယ်ထည် အစိတ်အပိုင်းကို ဇန်နဝါရီ
(၁၄)ရက်က ဂျာဗားပင်လယ် အောက်ခြေတစ်နေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သ
တင်းအပြည့်အစုံ ...
သ
ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်၏
ကိုယ်ထည်ပိုင်းကို ဆယ်ယူနိုင်ခြေနှင့် ပတ်သက်၍ အင်ဒိုနီးရှား
ရေငုပ်သမားများက ဆန်းစစ်လေ့လာနေဆဲဟု သိရှိရသည်။
ခရီးစဉ်အမှတ် QZ8501 လေယာဉ်၏ အဓိက ကိုယ်ထည် အစိတ်အပိုင်းကို ဇန်နဝါရီ ၁၄ ရက်က ဂျာဗားပင်လယ် အောက်ခြေတစ်နေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်က ပျက်ကျခဲ့သည့် လေယာဉ်မှ ရုပ်အလောင်းအချို့ကို ရှာဖွေတွေ့ရှိပြီးသော်လည်း လက်ကျန် ရုပ်အလောင်း အများစုသည် ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ယူဆရသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၁၆၂)ဦး လိုက်ပါသွားပြီး ၎င်းတို့အားလုံး သေဆုံးကုန်ပြီဟု ခန့်မှန်းထားသည်။
လတ်တလောတွင် ရေငုပ်သမားများက ကိုယ်ထည်အတွင်းမှ အလောင်းများကို ဦးစွာ သယ်ထုတ်ရန်၊ သို့မဟုတ် ကိုယ်ထည် အပျက်အစီး အစိတ်အပိုင်း တစ်ခုလုံးကို ရေပေါ်ဆွဲတင်ရေးကို ဦးစွာ လုပ်ဆောင်ရန်အနက် မည်သည့်နည်းလမ်းကို အသုံးပြုသင့်ကြောင်း တွက်ချက် ချိန်ဆလျက် ရှိသည်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက (၃)ပတ်နီးပါးထိ ကြာမြင့်ခဲ့သည့် လေယာဉ်ပျက် ရှာဖွေရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြောကြားခဲ့သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် လေယာဉ်ကိုယ်ထည် ပြန်လည် ရှာတွေ့သဖြင့် အလွန်ဝမ်းမြောက်မိကြောင်း၊ လေယာဉ်ကိုယ်ထည် အတွင်းမှ ရုပ်အလောင်းများကို မြန်မြန်ဆန်ဆန် ဆယ်ယူနိုင်ရန် မျှော်လင့်ကြောင်း သမ္မတက ပြောဆိုသွားသည်။
ရေအောက်မှ လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းကို စင်ကာပူပိုင် ရေအောက်ရှာဖွေရေး စက်ရုပ် ရေငုပ်သင်္ဘောငယ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကိုယ်ထည်နံဘေးတွင် အဲအေးရှား၏ ဆောင်ပုဒ်ဖြစ်သော Now Everyone Can Fly ဆိုသော စာသားကိုပါ တွေ့ရှိရသည်။
လေယာဉ်ကိုယ်ထည်သည် ရေအနက် (၉၂)ပေမျှတွင် နစ်မြုပ်နေပြီး လေယာဉ်ပျက်၏ အမြီးပိုင်း ရှာတွေ့သည့် နေရာမှ (၂)မိုင်မျှ အကွာတွင် ရှိနေကြောင်းလည်း သိရသည်။ ရေငုပ်သမားများသည် လေယာဉ်ကိုယ်ထည်တွင် မိုးပျံပူဖောင်းများ တွဲချိတ်ကာ ရေမျက်နှာပြင်ပေါ် တက်လာမည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်နေသည်။
“လောလောဆယ်တော့ ကျွန်တော်တို့ဟာ ရေငုပ်သမားတွေရဲ့ ဆန်းစစ်တွက်ချက်မှု ရလဒ်တွေကို စောင့်နေတုန်းပါ။ အလောင်းတွေ အရင်သယ်ထုတ်ရမလား၊ ကိုယ်ထည်တစ်ခုလုံး ဆွဲတင်ရမလား ဆိုတာက ဘယ်နည်းလမ်းက ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလဲ ဆိုတာကို ချိန်ဆနေတာ ဖြစ်ပါတယ်”ဟု ပန်ကလန်ဘွန်းရှိ လေယာဉ်ပျက် ဆယ်ယူရေး စီမံကိန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။
_Ref: BBC

No comments:
Post a Comment