ကျန်းမာရေးနှင့်ညီညွတ်အောင် ရေချိုးနည်း
လူတိုင်း တောင့်တ ဆုံးအရာတွေထဲမှာ
ကျန်းမာ ခြင်းဆိုတဲ့ လာဘ်တစ်ပါးလဲအပါ
အ၀င်ပါဘဲ။
ကျန်းမာ ရေးကောင်းရင် စီးပွားရေး ၊လူမှု့ရေး
၊ဘာသာရေး၊သာသနာရေး၊ပညာရေး
အစရှိတဲ့ လူမှု့ကိစ္စအ၀၀တွေအကုန်လုပ်လို့ရတာပေါ့ဗျာ၊
ကျန်းမာ ဖို့ နည်းလမ်း အသွယ်သွယ်ရှိတဲ့
အထဲက ရေချိုး နည်းမှန်ဖို့လဲ့လိုပါတယ်၊.
ရေချိုး နည်းလေးတင်ပြပါရစေ....။
.........................................................
ဒီရေချိုးနည်းလေးကတော့ခက်ခဲမှူ့တော့
မရှိပါဘူး..
ရေကိုဘယ်အချိန်ဘဲချိုးချိုး ပထမဆုံး
ဒူးဆစ် အထက်ကနေရေခွက်နဲ့ တစ်ဖက်
တစ်ခွက်စီလောင်းလိုက်ပါ။
ဒုတိယအနေနဲ့ ရေတစ်ခွက် နဲ့ ခါးပတ်ပတ်လည်ကိုလောင်းပါ။
ဒါဆို[၃]ခွက်မြောက်ရှိပါပြီ။
နောက်တစ်ခါ ရေတစ်ခွက် နဲ့ပခုံးနှစ်ဖက်
စလုံးကို မျှပြီးလောင်းပါ။
နောက်ဆုံး ခေါင်းကနေ တစ်ခွက်လောင်းပါ။
{ခေါင်မလျှော်သူများအတွက် နဖူးပေါ်က
လောင်းပါ}
အဲဒီလို အဆင့်ဆင့် ရေ(၅) ခွက်ကိုဆက်
လောင်းပြီး သွားတိုက် ခြင်းအမှုကိုပြုပါ။
သွားတိုက် နေစဉ် အတွင်းမှာဘဲ ခန္ဓာကိုယ်အပူတွေတရှိန်းရှိန်းထွက်လာပါလိမ့်မယ်။
သွားတိုက် ပြီး မိမိတို့ ချိုးနေကျအတိုင်း
ရေချိုး လို့ရပါပြီ။
ဒါဆို ရင် ရေချိုးမှားလို့ ဖျားတာလို့ဆိုတဲ့
စကား ကြားရတော့မှာ မဟုတ်ပါဘူး။
မကြာလှတဲ့ ရေချိုးချိန်အတွင်းမှာ
မခက်ခဲတဲ့ ရေချိုးနည်း အတိုင်းကျင့်သုံးပြီး
မဖျားမနာ ကျန်းမာ တဲ့ဘ၀ကို ကိုယ်စီ
ပိုင်ဆိုင်နိုင်ကြပါစေလို့ မေတ္တာ ဆန္ဒ ပြုရင်း
စေတနာများစွာဖြင့် Thiha
No comments:
Post a Comment