" တစ္ဆေတစ်ကောင်ရဲ့ ကျိန်စာ "
ကြောက်တတ်သူများ အစွဲအလန်းကြီးသူများ (လုံးဝ) မဖတ်ရန် .!!
++++++++++++++++++++++++++
ကျုပ်နာမည် ထိန်ဝင်း။
ကျုပ်က သရဲတစ္ဆေတွေကို လုံးဝ အကြောက်အလန့်မရှိဘူး။
ဘာလို့လဲဆိုတော့ သူတို့ကလူထက်နိမ့်တဲ့ လောကသားတွေလေ။ဒါကြောင့်သူတို့ကိုကြောက်စရာမလိုဘူးလို့ကျုပ်ယူဆထားလို့ပဲ။
ဒါပေမယ့် တကယ်တမ်း ပရလောကသားတွေနဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါမှာတော့ ကျုပ်ယူဆချက်တွေဟာမှားသွားပြီဆိုတာ သိလိုက်ရတယ်။
အဲ့ဒီနေ့ကပေါ့…
ဆောင်းလေတို့မင်းမူတိုက်ခတ်နေသည့် နတ်တော်လကွယ်ည…။
ကောင်းကင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်နေသည်။
ကြယ်မှုန်ကြယ်မွှားတချို့၏ မပီဝိုးတဝါးအလင်းရောင်တို့မှာလည်းတိမ်ညိုတိမ်မည်းတို့၏ ပယောဂကြောင့် လင်းချင်တိုင်းလင်းခွင့်မရကြပေ။
လယ်ကွင်းပြင်များကိုဖြတ်၍ တိုက်လာသောဆောင်းလေကလည်းအရိုးကွဲအောင် အေးစိမ့်လွန်းလှသည်။
လေတိုက်ခတ်မှုကြောင့် စပါးပင်တို့၏ တရှဲရှဲမြည်သံနှင့် ပုရစ်အော်သံတို့မှတပါး ညက တိတ်ဆိတ်ငြိမ်သက်လျက်…။
ရွာသို့ပြန်မရောက်တာ ၄နှစ်လောက်ရှိပြီဖြစ်သည်။
ယခုတော့ ရွာမှာကျန်ခဲ့သည့် ညီမအငယ်ဆုံး ဆုံးသွားသည့်အတွက်ကြောင့် ရွာသို့ပြန်လာခြင်းဖြစ်သည်။
ညီမငယ်လေး၏ အသုဘမီရန်အတွက်သာ လာခဲ့ရသည်။လမ်းခရီးတလျှောက်လုံး တခုမှအဆင်မပြေခဲ့…။
ရွာသို့ပြေးဆွဲသောအဝေးပြေးကားတို့မှာလွန်စွာမှ ဟောင်းနွမ်းစုတ်ပြတ်လှသည်။
ထို့ကြောင့် လမ်းတွင် ခဏခဏကားပျက်သဖြင့်ရွာထိပ်သို့ ည၈နာရီခွဲမှရောက်သည်။
ရွာထိပ်ဟုဆိုသော်လည်း ဆည်းလည်းကန်ရွာ သို့ ၂မိုင်/၃ဖာလုံ ဟူသောလမ်းညွှန်အမှတ်အသားမှလွဲ၍ ဘာမျှထွေထွေထူးထူးမရှိပေ။
အဝေးပြေးကားတို့ကလည်း ရွာထိပ်အထိသာရောက်သည်။
ထိုမှတဆင့်ရွာသို့လှည်းကြုံဆက်စီးရသည်။
ပိုဆိုးသည်က ညမှောင်သွားပြီဖြစ်လို့ ခါတိုင်းရှိနေကြ လှည်းကြုံတောင်မရှိတော့သည့်အပြင် လူရိပ်လူခြေပါကင်းမဲ့နေသည်။
ထို့ကြောင့်
ရွာသို့ညအမှောင်ထဲတွင်တယောက်ထဲလျှောက်လာခဲ့ရသည်။ရွာကိုသွားလျှင်
လယ်ကွင်းများကိုအရင်ဖြတ်ရသည် ပြီးတော့ ဒီရေကန်ကြီးဘေးကမဖြစ်မနေဖြတ်ရသည်။
သရဲတစ္ဆေအလွန်ခြောက်သည်ဟု နာမည်ကြီးသောရေကန်ကြီးဖြစ်သည်။
ယခုလိုလကွယ်ညမျိုးတွင် ကြောက်စရာကောင်းသောအော်ညည်းသံများနှင့်အတူ
ရေကန်ထဲမှလူသေကောင်များကုန်းပေါ်သို့တက်လာတက်သည်ဟုကြားဖူးသည်။ထိုအချိန်မျိုးတွင်
ဆည်းလည်းသံတွေတချွင်ချွင်မြည်အောင်ကြားရတတ်သည်။
ကိုလိုနီခေတ်က တော်လှန်ရေးသမားများကို ထိုရေကန်ထဲတွင်ရက်ရက်စက်စက်
ရေနစ်သတ်ခဲ့ကြသဖြင့် အစိမ်းသေသေပြီးမကျွတ်မလွတ်သေးသောသရဲတစ္ဆေများသည် ရေကန်ကြီးထဲတွင်ခိုအောင်းနေကြသည်ဟု လူကြီးများကပြောလေ့ ရှိသည်။
သို့သော် ခေတ်ကာလရွေ့လျားလာသည်နှင့်အမျှ ယုံတမ်းစကားလိုလို တကယ့်အဖြစ်အပျက်လိုလိုနှင့် မရေမရာရှိနေလေသည်။
ရေကန်ကြီးကတော့ လူတစ်ယောက်ပက်လက်လှန်အိပ်နေသလို ပကတိငြိမ်သက်လျက်…။
ညအချိန်မတော် သရဲခြောက်သည်နာမည်ကြီးသည့်နေရာတွင်ရောက်ရှိနေသည့်အဖြစ်က
တော်ရုံလူအဖို့တော့
သွေးပျက်ခြောက်ခြားဖွယ်ဖြစ်ချင်ဖြစ်နေလိမ့်မည်။ကျုပ်အဖို့တော့
သရဲနှင့်တွေ့လျှင်ပင် ပိုကောင်းသည်ဟုဆိုရပေမည်။အဘယ့်ကြောင့်ဆိုသော်
ကျုပ်တစ်ယောက်ထဲ
သွားနေရသည်ထက်စာလျှင်တော့အဖော်နှင့်သွားရသည်ကသာ၍အဆင်ပြေလိမ့်မည်။
ဟိုတွေးဒီတွေးနှင့်လျှောက်လာရင်း ဟိုးအဝေးခပ်လှမ်းလှမ်းဆီမှ မီးရောင်တချို့ကိုလှမ်းမြင်လိုက်ရသဖြင့် အားတက်သွားသည်။
"ရွာတောင်လှမ်းမြင်နေရပြီပဲ…"
ခပ်တိုးတိုးရေရွတ်ရင်း ခရီးဆောင်အိတ်ကို ပိုက်လိုက်သည်။
ထိုအချိန်တွင် လေက တစ်ချက်ဆောင့်တိုက်လိုက်သည်။
စိမ့်ခနဲဖြစ်သွားသော အေးစက်စက်ခံစားချက်နဲ့အတူ ကျုပ်ကြားလိုက်ရတာက…
"ချွင်……ချွင်……ချွင်"
အမှောင်ထုထဲမှရုတ်တရက်ပျံ့လွင့်လာသော ဆည်းလည်းသံ။
"ဟင်…ဆည်းလည်းသံတွေ…"
နားကြားများမှားသလား ဇဝေဇဝါဖြစ်သွားသဖြင့် အမှောင်ထုထဲသို့
အကြည့်တို့ရွေ့လျားလိုက်သည်။သို့သော်အမှောင်ထုက မိမိကိုယ်လက်အင်္ဂါတို့ကိုပင်
သဲသဲကွဲကွဲ ပြန်မမြင်နိုင်အောင် မှောင်မဲနေသည်။
လကွယ်ညက
ရုတ်တရက်အသက်မဲ့သွားသလို
ပြန်လည်တိတ်ဆိတ်သွားသည်။ပုရစ်အော်သံများလဲတိတ်သွားကာ
လေတိုးသံတောင်မကြားရတော့။အသံတိတ်ကမ္ဘာငယ်တစ်ခုကိုရောက်သွားသလိုခံစားလိုက်ရသည်။
ရုတ်ချည်းငြိမ်သက်သွားသောပတ်ဝန်းကျင်အခြေအနေကြောင့် စိတ်ထဲတွင် အနည်းငယ်တော့ စိုးထိတ်မိသည်။
ဟုတ်တယ်လေ…သရဲတစ္ဆေတွေက ခြောက်လှန့်ရုံကလွဲပြီးဘာမှမလုပ်နိင်ဘူး။တော်ကြာလူဆိုးဓားပြတွေနဲ့တိုးနေမှဖြင့်…။
ခန္ဓာကိုယ်ကလည်းစိုးရိမ်ထိတ်လန့်စိတ် လွှမ်းသွားသဖြင့် ဇောချွေးများပြန်လာသည်။
"ငါများ နားကြားမှားတာလား"
မဖြစ်ဘူး…မဖြစ်ဘူး ငါဒီနားကအမြန်သွားမှ…။
ထိုသို့တွေးပြီးခြေထောက်တို့ကို အမှောင်ထဲသို့စတင်ရွေ့လျားလိုက်သည်။
ကျုပ်လျှောက်နေတဲ့ လမ်းလေးရဲ့ ဘေးဘက်မှာတော့ ရေကန်ကြီးကသူနှင့်မဆိုင်သလိုတိတ်ဆိတ်ငြိမ်သက်နေတယ်။
ဟုတ်ပါတယ်…ခုနကဆည်းလည်းသံက ငါနားကြားမှားတာပါ…။
ဘာပဲဖြစ်ဖြစ် ငါရွာကိုရောက်အောင်သွားရမယ်။
ထိုအချိန်မှာပင်
ငြိမ်သက်နေသောပတ်ဝန်းကျင်ကတဖန်ပြန်လှုပ်ရှားလာသည်။လေတိုးသံများပြန်လည်ကြားရပြီး
ပုရစ်တို့ကလည်းပြန်လည်အော်မြည်လာကြသည်။
ဘာဖြစ်တာပါလိမ့်။
Friday, January 16, 2015
Thursday, January 15, 2015
Update news
အဲအေးရှား လေယာဉ်ပျက် ကိုယ်ထည် ဆယ်ယူရေးအတွက် ဆန်းစစ်မှုများ ပြုလုပ်နေ
=============
ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်၏ ကိုယ်ထည်ပိုင်းကို ဆယ်ယူနိုင်ခြေနှင့် ပတ်သက်၍ အင်ဒိုနီးရှား ရေငုပ်သမားများက ဆန်းစစ်လေ့လာနေဆဲဟု သိရှိရသည်။

ခရီးစဉ်အမှတ် QZ8501 လေယာဉ်၏ အဓိက ကိုယ်ထည် အစိတ်အပိုင်းကို ဇန်နဝါရီ
(၁၄)ရက်က ဂျာဗားပင်လယ် အောက်ခြေတစ်နေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သ
တင်းအပြည့်အစုံ ...
သ
ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသည့် အဲအေးရှား လေယာဉ်ပျက်၏
ကိုယ်ထည်ပိုင်းကို ဆယ်ယူနိုင်ခြေနှင့် ပတ်သက်၍ အင်ဒိုနီးရှား
ရေငုပ်သမားများက ဆန်းစစ်လေ့လာနေဆဲဟု သိရှိရသည်။
ခရီးစဉ်အမှတ် QZ8501 လေယာဉ်၏ အဓိက ကိုယ်ထည် အစိတ်အပိုင်းကို ဇန်နဝါရီ ၁၄ ရက်က ဂျာဗားပင်လယ် အောက်ခြေတစ်နေရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်က ပျက်ကျခဲ့သည့် လေယာဉ်မှ ရုပ်အလောင်းအချို့ကို ရှာဖွေတွေ့ရှိပြီးသော်လည်း လက်ကျန် ရုပ်အလောင်း အများစုသည် ကိုယ်ထည်ထဲတွင် ပိတ်မိနေဆဲဟု ယူဆရသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၁၆၂)ဦး လိုက်ပါသွားပြီး ၎င်းတို့အားလုံး သေဆုံးကုန်ပြီဟု ခန့်မှန်းထားသည်။
လတ်တလောတွင် ရေငုပ်သမားများက ကိုယ်ထည်အတွင်းမှ အလောင်းများကို ဦးစွာ သယ်ထုတ်ရန်၊ သို့မဟုတ် ကိုယ်ထည် အပျက်အစီး အစိတ်အပိုင်း တစ်ခုလုံးကို ရေပေါ်ဆွဲတင်ရေးကို ဦးစွာ လုပ်ဆောင်ရန်အနက် မည်သည့်နည်းလမ်းကို အသုံးပြုသင့်ကြောင်း တွက်ချက် ချိန်ဆလျက် ရှိသည်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက (၃)ပတ်နီးပါးထိ ကြာမြင့်ခဲ့သည့် လေယာဉ်ပျက် ရှာဖွေရေး လုပ်ငန်းစဉ်တွင် ပါဝင်ကူညီသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြောကြားခဲ့သည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် လေယာဉ်ကိုယ်ထည် ပြန်လည် ရှာတွေ့သဖြင့် အလွန်ဝမ်းမြောက်မိကြောင်း၊ လေယာဉ်ကိုယ်ထည် အတွင်းမှ ရုပ်အလောင်းများကို မြန်မြန်ဆန်ဆန် ဆယ်ယူနိုင်ရန် မျှော်လင့်ကြောင်း သမ္မတက ပြောဆိုသွားသည်။
ရေအောက်မှ လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းကို စင်ကာပူပိုင် ရေအောက်ရှာဖွေရေး စက်ရုပ် ရေငုပ်သင်္ဘောငယ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကိုယ်ထည်နံဘေးတွင် အဲအေးရှား၏ ဆောင်ပုဒ်ဖြစ်သော Now Everyone Can Fly ဆိုသော စာသားကိုပါ တွေ့ရှိရသည်။
လေယာဉ်ကိုယ်ထည်သည် ရေအနက် (၉၂)ပေမျှတွင် နစ်မြုပ်နေပြီး လေယာဉ်ပျက်၏ အမြီးပိုင်း ရှာတွေ့သည့် နေရာမှ (၂)မိုင်မျှ အကွာတွင် ရှိနေကြောင်းလည်း သိရသည်။ ရေငုပ်သမားများသည် လေယာဉ်ကိုယ်ထည်တွင် မိုးပျံပူဖောင်းများ တွဲချိတ်ကာ ရေမျက်နှာပြင်ပေါ် တက်လာမည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်နေသည်။
“လောလောဆယ်တော့ ကျွန်တော်တို့ဟာ ရေငုပ်သမားတွေရဲ့ ဆန်းစစ်တွက်ချက်မှု ရလဒ်တွေကို စောင့်နေတုန်းပါ။ အလောင်းတွေ အရင်သယ်ထုတ်ရမလား၊ ကိုယ်ထည်တစ်ခုလုံး ဆွဲတင်ရမလား ဆိုတာက ဘယ်နည်းလမ်းက ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်နိုင်မလဲ ဆိုတာကို ချိန်ဆနေတာ ဖြစ်ပါတယ်”ဟု ပန်ကလန်ဘွန်းရှိ လေယာဉ်ပျက် ဆယ်ယူရေး စီမံကိန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားသည်။
_Ref: BBC

ဗဟုသုတ စွယ်စုံ
ဘဝတွင် ရှုံးနိမ့်ခြင်းတရား (၁၀)ပါး (လိုက်နာ မှတ်သား ဖွယ်ရာ စာပေ ဗဟုသုတများ)
၁။ ဘဝတွင် တိကျပြတ်သားသော ရည်မှန်းချက် မရှိခြင်း။
၂။ အဆိုးမြင်ခြင်း၊ အပြုသဘော မဆောင်ခြင်း။
၃။ အတတ်ပညာမဲ့ခြင်း၊ အတတ်ပညာ မဆည်းပူးခြင်း။
၎။ ဆုံးဖြတ်ချက် မချတတ်ခြင်း၊ မချနိုင်ခြင်း၊ အမှားဆုံးဖြတ်ခြင်း။
၅။ လူမှု့ဆက်ဆံရေး ညံ့ဖျင်းခြင်း။
၆။ ပြင်းပြထက်သန်သော စိတ်ဓါတ်မရှိခြင်း။
၇။ အယုံလွန်ခြင်း၊ အယုံလွယ်ခြင်း၊ အယုံမှားခြင်း။
၈။ ကြောက်ရွံ့ခြင်း၊ မစွန့်စားရဲခြင်း။
၉။ ရတာထက် ပိုမိုသုံးစွဲခြင်း။
၁၀။ ဥစ္စာစွဲ၊ မေတ္တာစွဲ၊ အစွဲအလန်းကြီးခြင်း။

computer
လူကြီးမင်းတို့၏ Company ၊ Office ၊ Home ၊ Hotel etc.. များအတွက် CCTV
Installation ပြုလုပ်လိုပါက ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
0943118757
Installation Charges 1 point လျှင် ၁၃၀၀၀ ကျပ်နှုန်းဖြင့် လိုက်လံတပ် ဆင်ပေးနေပါသည်

phone apkများ စုစည်းမူ
ဗုဒ္ဓဘာသာဝင်များ အတွက် တရားဓမ္မ ဆော့ဝဲများကို
မိမိလက်လှမ်း မိသမျှ ပြန်လည်မျှဝေပေး လိုက်ပါတယ်။
smart zawgyi ဖောင့်ပြင်ပြီးသားမို့
G730,honor ကိုင်သူများအတွက်
မြန်မာစာမြင်ရမှာပါ။
အန်ဒရိုက်ဖုန်းများများ ထဲမှာထည့်ပြီး
လေ့လာရန် အတွက်
လိုအပ်သော ဆော့ဝဲများကို နံပါတ်အလိုက်
အောက်ပါ လင့်များတွင် ဒေါင်းယူနိုင်ပါသည်။
၁ ကိုးန၀င်းပုတီးစိပ်နည်း apk
phone apkများ စုစည်းမူ
၂- ၃၈ ဖြာမင်္ဂလာ apk
phone apk download
၃ Dhama Hive - apk
phone apk download
၎ ခန္ဒီစေတီ ပုတီးစိပ်နည်း apk
phone apk download
၅ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း apk
phone apk download
၆ ၂၄ ပစ္စည်း apk
phone apk downlaod
၇ ဓမ္မပဒ apk
phone apk downlaod
၈ ပုံပြသြကာသ apk
phone apk download
၉ ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာ apk
phone apk download
၁၀ ခင်ပွန်းကြီးဆယ်ပါးဘုရားရှိခိုးနည်း apk
phone apk download
၁၁ ဓမ္မစက်ဝိုင်း apk
phone apk download
၁၂ ဓမ္မလက်ဆောင်.apk
phone apk download
၁၃ ပရိတ်ကြီး ၁၁ သုတ်-အသံထွက် apk
phone apk download
၁၄ မေတ္တာပို့-အသံထွက်apk
phone apk download
သူတော်ကောင်းတရား လွှမ်းမိုးပါစေ။
ချမ်းမြေ့ ကြည်သာရှိကြပါစေ။
thiha news မှ ဆုတောင်းပေးလိုက်ပါတယ်......................................
http://www.ooarkar.com/2015/01/blog-post_11.html
Nay Zaw Lin1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18

ကျန်းမာရေး
ကျန်းမာရေးနှင့်ညီညွတ်အောင် ရေချိုးနည်း
လူတိုင်း တောင့်တ ဆုံးအရာတွေထဲမှာ
ကျန်းမာ ခြင်းဆိုတဲ့ လာဘ်တစ်ပါးလဲအပါ
အ၀င်ပါဘဲ။
ကျန်းမာ ရေးကောင်းရင် စီးပွားရေး ၊လူမှု့ရေး
၊ဘာသာရေး၊သာသနာရေး၊ပညာရေး
အစရှိတဲ့ လူမှု့ကိစ္စအ၀၀တွေအကုန်လုပ်လို့ရတာပေါ့ဗျာ၊
ကျန်းမာ ဖို့ နည်းလမ်း အသွယ်သွယ်ရှိတဲ့
အထဲက ရေချိုး နည်းမှန်ဖို့လဲ့လိုပါတယ်၊.
ရေချိုး နည်းလေးတင်ပြပါရစေ....။
.........................................................
ဒီရေချိုးနည်းလေးကတော့ခက်ခဲမှူ့တော့
မရှိပါဘူး..
ရေကိုဘယ်အချိန်ဘဲချိုးချိုး ပထမဆုံး
ဒူးဆစ် အထက်ကနေရေခွက်နဲ့ တစ်ဖက်
တစ်ခွက်စီလောင်းလိုက်ပါ။
ဒုတိယအနေနဲ့ ရေတစ်ခွက် နဲ့ ခါးပတ်ပတ်လည်ကိုလောင်းပါ။
ဒါဆို[၃]ခွက်မြောက်ရှိပါပြီ။
နောက်တစ်ခါ ရေတစ်ခွက် နဲ့ပခုံးနှစ်ဖက်
စလုံးကို မျှပြီးလောင်းပါ။
နောက်ဆုံး ခေါင်းကနေ တစ်ခွက်လောင်းပါ။
{ခေါင်မလျှော်သူများအတွက် နဖူးပေါ်က
လောင်းပါ}
အဲဒီလို အဆင့်ဆင့် ရေ(၅) ခွက်ကိုဆက်
လောင်းပြီး သွားတိုက် ခြင်းအမှုကိုပြုပါ။
သွားတိုက် နေစဉ် အတွင်းမှာဘဲ ခန္ဓာကိုယ်အပူတွေတရှိန်းရှိန်းထွက်လာပါလိမ့်မယ်။
သွားတိုက် ပြီး မိမိတို့ ချိုးနေကျအတိုင်း
ရေချိုး လို့ရပါပြီ။
ဒါဆို ရင် ရေချိုးမှားလို့ ဖျားတာလို့ဆိုတဲ့
စကား ကြားရတော့မှာ မဟုတ်ပါဘူး။
မကြာလှတဲ့ ရေချိုးချိန်အတွင်းမှာ
မခက်ခဲတဲ့ ရေချိုးနည်း အတိုင်းကျင့်သုံးပြီး
မဖျားမနာ ကျန်းမာ တဲ့ဘ၀ကို ကိုယ်စီ
ပိုင်ဆိုင်နိုင်ကြပါစေလို့ မေတ္တာ ဆန္ဒ ပြုရင်း
စေတနာများစွာဖြင့် Thiha

Android Smartphone အကြောင်း
Android Smartphone မှာ RAM ကို တိုးမြှင့်နည်းများ
=====================================
စမတ်ဖုန်းများဟာ ဟောင်းနွမ်းလာတာနဲ့ အမျှ နောက်ဆုံးပေါ် Apps များနဲ့ Software Update အသစ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတော့ပါဘူး။ ဟောင်းနွမ်းတဲ့ Hardware များဟာ စွမ်းဆောင်ရည် ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် RAM ကို တိုးမြှင့်ခြင်းက ပြဿနာများကို ပြေလည်စေမှာပါ။ ဒီဆောင်းပါးမှာ Root လုပ်ထားပြီးသား ဖုန်းများအတွက်ရော၊ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများ အတွက်ပါ RAM ကို တိုးမြှင့်နည်းများကို ရေးပေးလိုက်ပါတယ်။
RAM ( Random Access Memory) ဆိုတာ
သင့် စမတ်ဖုန်းဟာ Temporary Data များကို ကူးပြောင်းဖို့ RAM ကို အသုံးပြုရပါတယ်။ RAM များလေလေ Apps, Tabs, Processes, Windows များကို တစ်ပြိုင်နက် လျှင်မြန်စွာ အသုံးပြုနိုင်လေလေ ဖြစ်ပါတယ်။ OS နဲ့ System Processes များကလည်း RAM ကို စားသုံးနေကြပါတယ်။
Apps များကို အင်စတော ပြုလုပ်မှု များလာတာနဲ့ အမျှ Processes အသစ်များစွာက System ထဲကို ၀င်ရောက်လာတဲ့ အတွက် နှေးကွေးမှုများ ဖြစ်ပေါ်လာရတာပါ။Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းများမှာ RAM ကို မြှင့်တင်နည်းများWidgets နဲ့ Live Wallpaper များကို ကန့်သတ်ပါ။
Widgets တော်တော်များများက ကိုယ်တိုင် Refresh ပြုလုပ်ကြပြီး Live Wallpaper များက အချိန်ပြည့် RAM ကို စားသုံးနေကြပါတယ်။
အဲဒီအတွက် သင့်ဖုန်းဟာ နှေးကွေးလေးလံလာပြီ ဆိုရင်တော့ RAM နေရာလွတ်များ ရရှိဖို့ Widgets နဲ့ Live Wallpaper များကို ဖယ်ရှားပေးပါ။
Apps များကို Disable လုပ်ပါ။Apps အချို့ဟာ အသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် RAM ကို စားသုံးနေပါတယ်။ အဲဒီ Apps များကို နောက်ကွယ်မှာ Run နေခြင်းကို ပိတ်ပင်ထားလိုက်ရင် RAM နေရာလွတ်များ ရရှိမှာပါ။
App တစ်ခုကို Disable လုပ်ဖို့ Settings> Apps or Application Manager ကို သွားပါ။ All ကိုသွားပြီး Disable လုပ်ချင်တဲ့ App ကို တစ်ချက်နှိပ်ပါ။ Disable ကိုနှိပ်ပြီး Confirm လုပ်ပါ။ စမတ်ဖုန်းမှာ နဂိုပါတဲ့ App များကို Disable မလုပ်ခင် သတိထား လေ့လာပါ။ မဟုတ်ရင်တော့ သင့်ရဲ့ System မှာ မတည်ငြိမ်မှုများ တွေ့နိုင်ပါတယ်။ အခြား App များကိုတော့ စိတ်ချလက်ချ Disable လုပ်နိုင်ပါတယ်။ လုံးဝ မသုံးတဲ့ Apps များကိုတော့ Delete or Uninstall လုပ်ပေးပါ။
Animation များကို Disable လုပ်ပါ။
RAM ကို စားသုံးနေတဲ့ Animation များဟာ မရှိမဖြစ် လိုအပ်တာ မဟုတ်ပါဘူး။ အဲဒါတွေကို Developer Options ထဲမှာ စီမံခန့်ခွဲနိုင်ပါတယ်။ သင့်ဖုန်းရဲ့ Settings ထဲမှာ Developer Options ကို မတွေ့ရသေးရင် About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။
Settings အောက်မှာ Developer Options ပေါ်လာရင် Drawing ကဏ္ဍထဲရှိ Window Animation Scale, Transition Animation Scale, Animator Duration Scale တို့ကို Disable လုပ်ပေးပါ။ ဒါဆိုရင် သင့်ဖုန်းမှာ RAM နေရာလွတ်များ ရရှိမှာ ဖြစ်ပါတယ်။
Root လုပ်ပြီးသား ဖုန်းများမှာ RAM တိုးမြှင့်နည်း
Root လုပ်ထားတဲ့ ဖုန်းများမှာတော့ RAM ကို တိုးမြှင့်တဲ့ နည်းတစ်နည်းရှိပါတယ်။ သင့်ရဲ့ SD Card မှ Partition တစ်ခုဖဲ့ယူပြီး ပင်မ RAM ရဲ့ ဆင့်ပွား RAM အဖြစ် အသုံးပြုနိုင်မှာပါ။ ဒီလို လုပ်ဖို့ ROEHSOFT RAM Expander (SWAP) ဆိုတဲ့ App ကို အသုံးပြုမှာ ဖြစ်ပြီး အောက်က လင့်ကနေ ဒေါင်းလုပ်ရယူပါ။
android smartphone ram တိုးသောနည်း
သင့် Device ရဲ့ Compatibility ကို စစ်ဆေးပါ။
အထက်ဖော်ပြပါ App ကို အသုံးမပြုခင်မှာ သင့်ဖုန်းနဲ့ Compatible ဖြစ် မဖြစ် စစ်ဆေးရပါအုံးမယ်။ စစ်ဆေးဖို့အတွက် MemoryInfo & Swapfile Check ဆိုတဲ့ App ကို အောက်က လင့်ကနေ ရယူပြီး အင်စတော လုပ်ပါ။
android smartphone ram တိုးသောနည်း
App ကိုဖွင့်ပြီး SuperUser ကို ခွင့်ပြုပေးပါ။ “ Start RAMExpander Test Here” ကိုနှိပ်ပါ။ SD Card သို့မဟုတ် Ext SD Card ကို ရွေးပါ။ ပြီးရင် “ Click for result” ကိုနှိပ်ပါ။ “ Congratulations” စာသားပေါ်လာရင်တော့ သင့်ဖုန်းဟာ RAM Expander App နဲ့ Compatible ဖြစ်ပါပြီ။
SWAP ကို အသုံးပြုနည်း
ROEHSOFT RAM-EXPANDER (SWAP) App ကို ဖွင့်ပြီး Root Permission ပေးပါ။ SwpFile ရဲ့ ဘယ်ဘက်ဘေးမှ Slider ကိုရွှေ့ပြီး Partition အတွက် Memory ပမာဏ သတ်မှတ်ပေးပါ။ “ Optimal Value” ကို နှိပ်ရင်တော့ အကောင်းဆုံး စွမ်းဆောင်ရည်အတွက် Settings များကို အလိုအလျှောက် ချိန်ညှိပေးမှာပါ။ Autorun ကိုလည်း On ထားပေးပါ။ နောက်ဆုံးမှာတော့ “Swap Activ” ခလုတ်ကို နှိပ်ပါ။
ဒါဆိုရင် သင့်ရဲ့ System မှာ RAM ပိုမိုရရှိလာပါပြီ။ သင့်ဖုန်းဟာလည်း အရင်ကထက် ပိုမိုလျှင်မြန်စွာ လည်ပတ်နိုင်ပါပြီ။ အဆင်ပြေပါစေ

Subscribe to:
Posts (Atom)